Monday, February 16, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြည့်သူ့ဆေးရုံမှ ရေနစ်သေဆုံးသော အလောင်းတစ်လောင်း ရောက်ရှိ နေကြောင်း မြို့နယ်ဆရာဝန်၏ အကြောင်းကြားချက်အရ မင်းတုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မအူရပ်ကွက်နေသူ သက်ဦးဇော်(၂၃)နှစ် ဖြစ်ကြောင်း သိရပြီး မင်းတုန်းမြို့မ အားကစားကွင်းအတွင်း မင်းတုန်းမြို့နယ်နှင့် ပြည်မြို့နယ်တို့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကစားပြီးနောက် မင်းတုန်းချောင်းရှိ ပြောင်းပြာရေချိုးဆိပ်တွင် အခြား သူများနှင့် ရေဆင်းချိုးရာ မှ ရေနစ်သေဆုံးကြောင်း သိရှိရသဖြင့် သက်ဦးဇော် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် မင်းတုန်းမြို့နယ်၊ မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၅ ရေးဖွင့်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video