၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းကြည့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝေမှ မင်းကြည့်ကျေးရွာ အရှေ့ မြောက်ဘက် (၁)မိုင်ခန့် အကွာတွင် လူတစ်ဦး ထန်းပင်ပေါ်မှ လိမ့်ကျသေဆုံးနေကြောင်း လာရောက် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ထန်းပင်ပေါ်မှ လိမ့်ကျသေဆုံးသူမှာ မင်းကြည့်ကျေးရွာနေသူ ဦးအောင်သန်းကြည် (၄၅)နှစ် ဖြစ်ပြီး အမြင့်(၂၅) ပေခန့်ရှိ ထန်းပင်ပေါ်သို့တက်၍ ထန်းလှီးစဉ် ပြုတ်ကျပြီး နဖူးကွဲ ဒဏ်ရာ၊ အာခေါင် သွေးထွက် ဒဏ်ရာ၊ ယာဘက်လက်ကျိုး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရဖြင့် ၄င်းသေ ဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ဆောမြို့နယ်၊ ကျောက်ထုနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ ဖြင့် ရေးဖွင့်ဆောင်ရွက် ထားရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:
Post a Comment