Monday, February 16, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၀၁း၅၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းအောင်နှင့်အဖွဲ့သည် သက်သေများနှင့် အတူ မြို့ပေါ်ရပ်ကွက်အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် သရက်မြို့မဈေး အနီး ပရိက္ခရာလမ်းထောင့်တွင် ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်ကားခွေမျိုးစုံအား လက်တွင်ပွေ့၍ ရောင်းချ နေသည့် သရက်မြို့၊ တောင်မင်းတည်း ရပ်ကွက်နေသူ ဇော်မျိုးလတ်(၃၆)နှစ်၊ ဈေးရောင်း၊ ဗမာ/ဗုဒ္ဓ၊ (ဖ)ဦးသိန်းစိုး အား တွေ့ရှိရပြီး ၎င်းထံမှ ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်ကားခွေ (၁၅၀)ချပ် တန်ဖိုး (၄၅၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့ကြောင်း၊ 
တရားမ၀င် ဆင်ဆာမဲ့ဇာတ်ကားခွေများ ရောင်းချနေသူ ဇော်မျိုးလတ် အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၁/၂၀၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့်အရေးယူ ထားရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video