Monday, February 16, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၂၃း၄၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ လှည့်ကင်း ဆောင်ရွက်စဉ် ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်၌ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသည်ဟု ကျော်ဇောသတင်းရှိသူ မကွေးမြို့၊ အောင်မေတ္တာ ``က´´ ရပ်ကွက် နေသူ မအိမွန် (၂၅)နှစ် အား တွေ့ရှိစစ်မေးရာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် ရောက် ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မအိမွန်အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း (ပ) ၃၉/၂၀၁၅၊ ပြည့်တန်ဆာ ဥပဒေပုဒ်မ ၇(၁)(က) အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video