၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂း၁၅ နာရီအချိန်ခန့်တွင် နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ လောင်းကစား ဖမ်းဝရမ်း အမှတ် (၃/၂၀၁၅)ဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အကြည်ကတင်း ကျေးရွာနေသူ မမြင့်မြင့်ဌေး(၃၇)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ် ဘုရားစင်ရှေ့ ကြမ်းပြင်ပေါ်ရှိ စားပွဲခုံပေါ်နှင့် အံဆွဲအတွင်းမှ ချဲထီပေါက်စဉ်(၁)ရွက်၊ ချဲထီဂဏန်းနှင့် ငွေတန်ဖိုးများ ရေးသားထားသော ဗလာစာရွက်(၂)ရွက်၊ ငွေလက်ငင်း ဖြတ်ပိုင်းစာရွက်(၅)ရွက်၊ ငွေလက်ငင်း ဖြတ်ပိုင်း(၁)အုပ်၊ ငွေလက်ငင်း
ဖြတ်ပိုင်းအလွတ်(၂)အုပ်၊ မှင်ခံစက္ကူ အသေး(၅)ရွက်၊ ဘောပင်(၁) ချောင်း၊ ချဲဂဏန်းများပါ လယ်ဂျာ (၂)အုပ်၊ လောင်းကြေး ငွေစက္ကူရောရာ (၃၀၅၀၀ိ/-) တို့အား ရှာဖွေ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရား မ၀င် ချဲထီလောင်းကစားပြုလုပ်သူ မမြင့်မြင့်ဌေးအား ဆောမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀/၂၀၁၅၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မင်းလှ-မင်းဘူး ကားလမ်းဘေး၊ ဓမိ္မကတောရ ဘုန်းကြီး ကျောင်း လမ်းခွဲ၏ မြောက်ဘက်အနီး၌ ဘုန်းကြီးကျောင်း လမ်းဘက်မှ မင်းလှ-မင်းဘူး ကားလမ်းဘက် သို့ မင်းလှမြို့နယ်၊ သံပုရာကန်ကျေးရွာနေသူ ကျော်မိုး(၃၂)နှစ် မောင်းနှင်လာသည့် ၂၁ယ/၅၅၂၆၀ စူပါအမ်ဘို ၁၂၅ ဖြူနက်ကြားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ချဲထီလောင်းကစား ရာတွင် အသုံးပြုသော ဂဏန်းအကွက်စာအုပ်(၁)အုပ်၊ ဘောင်ချာစာအုပ် (၁)အုပ်၊ ကာဗွန်အသေး (၁)ရွက်၊ ဘောပင် (၁)ချောင်းနှင့် ၎င်းဝတ်ဆင် ထားသော အင်္ကျီအိတ်ကပ်အတွင်း မှ ငွေစက္ကူရောရာ (၂၀၅၀၀ိ/-) တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ကျော်မိုးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း
သတင်း ရရှိပါသည်။
0 comments:
Post a Comment