Wednesday, February 25, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၀၄း၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ရေနံချောင်းမြို့၊ အိုးဘို ရပ်ကွက်၊ စည်ပင်သာယာ မြောက်ရပ်နေ ဇာနည်ထွန်း(ခ)နေမျိုးလင်း (၃၅)နှစ်၏ နေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၃/၂၀၁၅ ဖြင့် ၀င်ရောက် ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြု Samsung Model GT အဖြူရောင် (၀၉ ၄၃၀၅၃၅၀၂ ဆင်းမ်ကဒ်ထည့်လျက်) ဖုန်းတစ်လုံး၊ ၀၀ မှ ၉၉ အထိ ဂဏန်းများဘေးတွင် ငွေသားများ ရေးသားထားသော လယ်ဂျာစာအုပ် အစိမ်းရောင်(၂)အုပ်၊ အ၀ါရောင်လယ်ဂျာစာအုပ်(၃)အုပ်၊ ၀၀ မှ ၉၉ အထိ ဂဏန်းများဘေး တွင် စာမျက်နှာနှစ်ဘက်ပါ အဖြူရောင်စာရွက်(၁)ရွက်၊ လုံးပတ် (၅)လက်မ၊ အရှည်(၉)လက်မခွဲရှိသော ကွန်ကြူးပိုက်အတွင်းမှ နှစ်လုံးထီဂဏန်းနှင့် ငွေပမာဏများ ရေးသားထား သည့် လက်ခံဘောင်ချာ စာရွက် (၃၀)ရွက်၊ လောင်းကစားရာတွင် အသုံးပြုသော CITIZEN အမျိုးအစား ဂဏန်းပေါင်းစက် (၁) လုံးနှင့် လောင်းကစားရာတွင် အသုံးပြုသော ငွေစက္ကူရောရာ ၆၀၀၀၀ိ/-တို့အား ရှာဖွေ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဇာနည်ထွန်း(ခ) နေမျိုးလင်း အား ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေး ယူ ဆောင်ရွက်ထား ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video