Wednesday, February 25, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မောင်းတိုင်(၂)ရပ်ကွက်၊ ငမင်းလမ်းနှင့် ချောက်ကြား လမ်းဆုံတွင် စောင့်ဆိုင်းနေ စဉ် တောင်တွင်းကြီးမြို့နယ်၊ ချောက်ကြား ကျေးရွာနေသူ ကျော်တင့် (၄၂)နှစ် မောင်းနှင် စီးနင်းလာသော ၁၈ယ/၄၅၆၇၈ JinFan 110 အစိမ်းရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ကျော်တင့် ၏ ခန္ဓာကိုယ်၌ ၀တ်ဆင်ထားသည့် ဖြူ၊ နီ၊ ၀ါအကွက်အင်္ကျီ ယာဘက် အိတ်ကပ်အတွင်း မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် အကွက်စာအုပ်(၁)အုပ်၊ ၀ဲဘက် အိတ်ကပ်အတွင်းမှ လောင်းကြေးငွေစက္ကူရောရာ ၃၅၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီလောင်း ကစား ပြုလုပ်သူ ကျော်တင့် အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၈/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၀၃း၂၀ နာရီအချိန်ခန့်တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၂/၂၀၁၅ ဖြင့် တောင် တွင်းကြီး မြို့နယ်၊ သဲဖြူကျေးရွာနေ မဥမ္မာအေး(၃၄)နှစ်၏ နေအိမ်ဈေးဆိုင်အား ၀င်ရောက် ရှာဖွေရာ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော ဂဏန်းများရေးသားထားသည့် ဘောက်ချာ ဖြတ်ပိုင်း စာအုပ်နှင့် ဘောက်ချာဖြတ်ပိုင်း စာရွက်များ၊ ဘောလ်ပင်များ၊ လောင်းကြေးငွေစက္ကူရောရာ ၂၇၇၀၀ိ/- နှင့် အမြင့်(၁၄)လက်မ၊ အလျား(၂)ပေ၊ အနံ(၂၂)လက်မခန့်ရှိ သစ်သားစာပွဲ တစ်လုံး၊ အမြင့်(၆)လက်မ၊ အလျား(၁၃)လက်မ၊ အနံ(၈)လက်မခန့်ရှိ ငွေများထည့် ထားသည့် သေတ္တာတစ်လုံး တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င်သုံးလုံးထီချဲထီ လောင်းကစားပြုလုပ်သူ မဥမ္မာအေးအား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေ ရဲစခန်း (ပ)၃၀/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေး ယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video