Tuesday, February 24, 2015



မြို့သစ်     ဖေဖော်ဝါရီ      ၂၄
    မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးလက် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
    အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးရွာတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်စေရန်အတွက် သင်တန်းသားများသိစေလိုသည့်အချက်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့  ပြီး မြိုနယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ဦး၊မြို့နယ် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ ဦးစီးအရာရှိ ဒေါက်တာရဲနန္ဒ တို့ကလမ်း တံတား မီးလင်းရေးနှင့်မွေးမြူရေး/ကုသရေးဆိုင်ရာ လုပ်ငန်းများကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
    အဆိုပါ သင်တန်းကို ကျေးရွာပေါင်း(၅၃)ရွာမှ သင်တန်းသား သင်တန်းသူစုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video