Wednesday, February 25, 2015

အောင်လံ ဖေဖော်ဝါရီ ၂၄
   မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ဆင်တုတ်ကျေးရွာအုပ်စု ကန်ဇွန်းအင်းကျေးရွာ တွင်   ဦးလေးဖြစ်သူက တူအရင်းဖြစ်သူကို ဓားဖြင့်ထိုးသတ်မှု့အား ယမန်နေ့ ညနေ(၃း၃၀)နာရီက ကန်ဇွန်းအင်း     ကျေးရွာတွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။     
   အမှု့ဖြစ်ပွါးစဉ်မှာကန်ဇွန်းအင်းကျေးရွာတွင် သေဆုံးသူ ကိုမင်းယာ အသက်(၃၂)နှစ်၊(ဘ)ဦးလှဟန် ၊ ဇနီး မချို နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ မအေးဝင်းမှ ရွာထဲရှိ မင်္ဂလာဆောင်နေအိမ်တွင် ကိုမင်းယာ ဓားဖြင့်    အထိုခံရကြောင်း ပြောကြားသဖြင့် သွားရောက်ကြည့်ရှု့ရာ မင်္ဂလာဆောင် အိမ်ပေါ်တွင် ဦးလေးအရင်းဖြစ်သူ       ဦးကျော်ထူး (၅၄)နှစ်၊(ဘ)ဦးကျော်နှင့် စကားများပြိး ရန်ဖြစ်ရာ ဓါးမြှောင်ဖြင့်ထိုးသဖြင့်  သေဆုံးသူ ကိုမင်းယာမှာ    ၀ဲလက်ဖျံတွင် လက်မ၀က်ခန့် ထိုးသွင်း ဒဏ်ရာ တစ်ချက်၊၀ဲရင်ညွန့် အထက်တွင် ထိုးသွင်းးဒဏ်ရာတစ်ချက်၊ ၀ဲလက် မောင်း အတွင်းဘက် (၁)လက်မ ခန့် ပြတ်ရှ ဒဏ်ရာတစ်ချက် ၊၀ဲနံရိုးဘေး လက်မ၀က်ခန့် ပြတ်ရှ ဒဏ်ရာ တစ်ချက်     ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်ကြားသဖြင့် ဓားဖြင့် ထိုးသတ် ခဲ့သည့်    ဦးကျော်ထူးအား ဒုရင်္ဂဗိုလ် နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်သန်းစိုးဝင်းကအမှု့ အမှတ် (ပ)၁၀/၂၀၁၅ ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။
                                                                                                                မြို့နယ် ပြန်/ဆက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video