၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ပြင်(၂) ရပ်ကွက် ဆယ်အိမ်စုမှူး ဦးခင်မောင်တိုး မှ မသင်္ကာဖွယ် လူတစ်ဦး ဆိုင်ကယ်(၁)စီး တွန်းလာကြောင်း သတင်းပေးချက်အရ သက်သေများ နှင့်အတူ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
ကန်တော်ကြီးကန်ဘောင်ပေါ်တွင် ဆိုင်ကယ်တစ်စီး နှင့်အတူ လူတစ်ဦးအား တွေ့ရှိရပြီး စစ်မေးရာ ၄င်းမှာ တောင်ပြင်(၂) ရပ်ကွက်နေသူ ဇော်မြင့်ခိုင် (၃၆)နှစ်ဖြစ်ကြောင်း၊ ၄င်းတွန်းလာ သော ၄ယ/၁၃၀၉၈ ရင်ဇင်း ၁၁၀ အစိမ်းရောင် ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာ ပြောပြနိုင်ခြင်း မရှိသိရှိရပါသ်ည။
အဆိုပါ ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု ထင်မြင်ယူဆ၍ ဇော်မြင့်ခိုင် အား တောင်တွင်း ကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၄၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment