Sunday, February 8, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင် ဦးစိုးတင့်(၆၄)နှစ် နှင့်အဖွဲ့ သည် ရွှေစက်တော် ဘုရားဝန်း အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက် နေစဉ် အောက်ခြေတော်ရာ ဘုရား အတွင်း လူအများ ရွှေချနေကြရာ ၄င်းလူ အများကြားမှ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်နေသူ မိုးသက်နိုင် (၃၈)နှစ် သည် ရွှေချဟန်ဆောင်၍ ခြေတော်ရာအတွင်းမှ လူအများ လှူဒါန်းထား သော ငွေများ အား နှိုက်ကာ အင်္ကျီအိတ်ကပ် အတွင်း ထည့်နေသည်ကို တွေ့ရှိရ သဖြင့် ၀ိုင်းဝန်း ဖမ်းဆီးခဲ့ပြီး မိုးသက်နိုင်ထံမှ ခြေတော်ရာအတွင်းမှ ခိုးယူထားရှိသည့် ငွေ ၅၂၀၀၀ိ/-အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရပါသည်။ 
ဘုရားခြေတော်ရာ အတွင်းမှ ငွေများအား ခိုးယူသူ မိုးသက်နိုင်အား အရေးယူပေးပါရန် ဂေါပကအဖွဲ့ဝင် ဦးစိုးတင့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video