Sunday, February 8, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ တလင်းကျေးရွာနေ သိန်းထွေး(၄၅)နှစ် သည် ဖခင်ဖြစ်သူ ဦးသောင်းဖေ (၈၀)နှစ် ၏ နေအိမ်ပေါ်သို့ အရက်မူးပြီး တက်ရောက်၍ ဖခင်ဖြစ်သူ ဦးသောင်းဖေအား ရန်ရှာသဖြင့် ဖခင်ဖြစ်သူမှ ဆွဲခေါ်တွန်းပို့စဉ် သိန်းထွေး မှာ အမြင့်(၉)ပေခန့်ရှိ နေအိမ်နောက်ဖေး လှေခါး ထိပ်မှ အောက် သို့ ပြုတ် ကျကာ ဦးခေါင်း ငယ်ထိပ် (၁)လက်မခန့် ပေါက်ပြဲဒဏ်ရာရရှိ သေဆုံးသွားကြောင်း သိရှိရပါသည်။
 
ဖြစ်စဉ်နှင့်ပတ်သက်၍ သောင်းဖေ အား အရေးယူပေးရန် ၇.၂.၂၀၁၅ ရက်နေ့တွင် တလင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းငွေ(၅၅)နှစ်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ထီးလင်း မြို့နယ်၊ မြို့မရဲစခန်း (ပ)၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video