Saturday, February 7, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၂၀)ရက်နေ့ (၁၁၀၀)အချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် မပေါ်ပေါက် သေးသော အမှုများအား ကူညီစုံစမ်း ဖေါ်ထုတ် ရန်အတွက် သက်သေများနှင့်အတူ မကွေးမြို့ပေါ် ရပ်ကွက်များ အတွင်း နယ်မြေသတင်း စုံစမ်းနေစဉ် မကွေးမြို့၊ ပြည်တော်သာလမ်းနှင့် ခွါညိုလမ်းထောင့်အနီး ““သဘာဝ”” လက်ဘက်ရည်ဆိုင်၊ ဆိုင်ကယ် ပွဲစားဝိုင်းတွင် မသင်္ကာလူငယ်တစ်ဦးမှ SHANYAN 110 နီ/နက်ကြား ဆိုင်ကယ်(၁)စီးအား ကာလ တန်ဘိုး ထက် ဈေးနိမ့်၍ ငွေကျပ် ၁၃၀၀၀၀ိ/-ဖြင့် လိုက်လံရောင်းချနေကြောင်း သတင်းအရ စစ်ဆေးခဲ့ ပါသည်။
 
အဆိုပါ လူငယ်မှာ ချောက်မြို့နယ်၊ ဥယျာဉ်ကျေးရွာနေသူ သန်းထိုက်အောင် (သ)၂၀ နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်းလာရောက် ရောင်းချသော SHANYAN 110 နီ/နက်ကြား ဆိုင်ကယ်အား ကာလ တန်ဘိုးထက် ဈေးနိမ့်၍ ရောင်းချနေသည်မှာ မှန်ကန်ပြီး အခြားသောမြို့နယ်များမှလည်း ဆိုင်ကယ် ခိုးယူလာနိုင်ကြောင်း မသင်္ကာဖွယ်ရာ စစ်ဆေး တွေ့ရှိရပါသည်။

သန်းထိုက်အောင်အား ဆိုင်ကယ်ခိုးမှုများ နှင့်ပတ်သက်၍ ကွင်းဆက် ဖော်ထုတ် စစ်ဆေးခဲ့ ရာ အောက်ဖော်ပြပါ ဆိုင်ကယ် (၁၀)စီးအား စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ အပိုင်ရဲစခန်း အလိုက် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည် -

(၁) ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်ခန့်က ပွင့်ဖြူမြို့ပေါ် တစ်နေရာမှ SHANYAN 110 နီ/နက်ကြား
     ဆိုင်ကယ် (၁)စီး။
(၂) ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်ခန့်က ပွင့်ဖြူမြို့ပေါ် တစ်နေရာမှ နံပါတ်မပါ၊ JAILING Super Cup 
      90 အမျိုးအစား ကျောက်စိမ်း ရောင် ဆိုင်ကယ်(၁)စီး။
(၃) ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၅)ရက်ခန့်က ချောက်မြို့၊ အမှတ်(၈)ရပ်ကွက်၊ အနော်ရထာတံတား အနီးမှ 
       TATA Star 125 နီနက်ကြား ဆိုင်ကယ်(၁)စီး။
(၄) ၂၀၁၄ခုနှစ် (၁၁)လပိုင်းခန့်က ဆင်ဖြူကျွန်းမြို့၊ အမည်မမှတ်မိ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ရှေ့မှ Dream 
     ToYOMAX 110 အပြာရောင် ဆိုင်ကယ်(၁)စီး။
(၅) ၂၀၁၄ခုနှစ် (၈) လပိုင်းခန့်က စလေမြို့၊ ဓါတ်မြေသြဇာစက်ရုံ အပေါက်ရှေ့၊ ရပ်ကွက်ထိပ် လိုင်းခန်း 
     တစ်ခု ရှေ့မှ HONDA 125 အနီရောင် ဆိုင်ကယ်(၁)စီး။
(၆) ၂၀၁၄ခုနှစ် (၇) လပိုင်း ခန့်က ရေနံချောင်းမြို့၊ ပန်းခြံတစ်ခုအတွင်းမှ YINXING 110 အနက်ရောင် 
     ဆိုင်ကယ်(၁)စီး။
(၇) ၂၀၁၄ခုနှစ် (၆)လပိုင်းခန့်က သရက်မြို့ပေါ် ရပ်ကွက်အတွင်းမှ B0NUS 110 နီနက်ကြား ဆိုင်ကယ် 
     (၁)စီး။
(၈) ၂၀၁၄ခုနှစ် (၆)လပိုင်းခန့်က ဆိပ်ဖြူမြို့နယ်၊ ရေပုတ်ကျေးရွာ အိမ်တစ်အိမ်ရှေ့မှ KENBO 110 
      အစိမ်းရောင် ဆိုင်ကယ် (၁)စီး။
(၉) ၂၀၁၄ ခုနှစ် (၅)လပိုင်းခန့်က ချောက်မြို့၊ အဝေးပြေး ကားကြီးကွင်း အတွင်းမှ JIAFA 110 အမျိုးအစား 
      အစိမ်းပုတ်ရောင် ဆိုင်ကယ်(၁)စီး။
(၁၀) ၂၀၁၄ ခုနှစ် (၃)လပိုင်း ခန့်က မကွေးမြို့၊ တောင်တွင်းလမ်းနှင့် မေတ္တာလမ်း ထောင့်အနီးရှိ ဂိုဒေါင် 
       အတွင်းမှ YINXIANG 110 အစိမ်းရောင် ဆိုင်ကယ် (၁)စီး။
စုစုပေါင်း ဆိုင်ကယ်(၁၀)စီး ဖော်ထုတ်နိုင်ခဲ့ပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video