၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ ဗွီစီဒီခွေများ ရောင်းချ နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မလွန်ကျေးရွာ၊ မလွန်ဈေးအပြင်ဘက် ရထားလမ်း အနီးတွင် ဗွီစီဒီခွေများ ရောင်းချနေသော မလွန်ကျေးရွာနေသူ ၀င်းမင်းထွန်း(၃၅)နှစ်အား ဆင်ဆာမဲ့ နိုင်ငံခြား ဇာတ်လမ်းခွေ (၅၀)ခွေ၊ တန်ဘိုး (၁၅၀၀၀ိ/-)၊ ဆင်ဆာမဲ့မြန်မာ သီချင်းခွေ(၅၀)ခွေ၊ တန်ဘိုး (၁၅၀၀၀ိ/)၊ ဆင်ဆာမဲ့ ကာတွန်းဇာတ်လမ်း ခွေ(၅)ခွေ၊ တန်ဘိုး(၁၅၀၀ိ/-)၊ အခွေများ ထည့်သည့် ခြင်းပြာ(၁)ခြင်း၊ တန်ဘိုး(၁၀၀၀ိ/-)၊ စုစုပေါင်းလိုင်စင်မဲ့ ဗွီစီဒီအခွေ (၁၀၅)ခွေ၊ စုစုပေါင်းတန်ဘိုး (၃၂၅၀၀ိ/-)ကျပ်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရှီရပါသည်။
ဆင်ဆာမဲ့ ဗွီစီဒီခွေများ ရောင်းချသူ ၀င်းမင်းထွန်းအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၁/၂၀၁၅၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ) အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
ဆင်ဆာမဲ့ ဗွီစီဒီခွေများ ရောင်းချသူ ၀င်းမင်းထွန်းအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၁/၂၀၁၅၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ) အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment