၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၃း၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လူတစ်ဦး ရေနစ် သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။
ဖြစ်စဉ်မှာ တောင်ခင်ရန်း ရဲကင်းစခန်း၏ အနောက်ဘက် (၇)ဖာလုံခန့်အကွာ အနောက်ရေကန် ဘုန်းကြီးကျောင်းရှိ ငါးမွေးမြူထားသော ရေကန်အတွင်း တောင်ခင်ရန်းရွာနေသူ မချောစုလှိုင်(၁၂)နှစ် သည် မောင်တော်စပ်သူ လှိုင်ဝင်းမောင် နှင့်အတူ ရေကန်အတွင်းရှိ ငါးများအား လောင်းလှေဖြင့် ငါးစာ ကျွေးနေစဉ် လှေပေါ်မှ ရေထဲသို့ ပြုတ်ကျသွားကြောင်း၊ မောင်ဖြစ်သူ မောင်လှိုင်ဝင်းမောင်မှ အော်ဟစ် အကူအညီ တောင်းရာ ရေကန်အနီးရှိ အုတ်ဖုတ် အလုပ်သမား မောင်ချမ်းသာမှ သွားရောက် ကူညီ ရှာဖွေခဲ့ရာ မချောစုလှိုင်မှာ ကမ်းစပ်မှ(၇)ပေ ခန့်အကွာ အကျယ် (၁.၅၀)ဧက၊ ရေအနက် (၁၅)ပေခန့် တွင် မှောက်လျှက် အနေအထားဖြင့် ရေနစ်သေဆုံး နေသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
မချောစုလှိုင် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက် ဂန့်ဂေါ မြို့နယ်၊ ကန်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment