Sunday, February 8, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဇီးပြားရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ထန်းတောကျေးရွာတွင် ထန်းပင်ပေါ်မှ လူတစ်ဦး လိမ့်ကျ သေဆုံးကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူမှာ ထန်းတောကျေးရွာနေသူ ၀င်းမောင်(၃၉)နှစ် ဖြစ်ပြီး ၄င်းမှာ လုံးပတ်(၄)ပေ၊ အမြင့် (၄၀)ပေခန့်ရှိ ထန်းပင်ပေါ်သို့တက်၍ ထန်းလှီးစဉ် လိမ့်ကျပြီး နား/ နှာခေါင်း/ ပါးစပ်တို့မှ သွေးများ ထွက်ကာ မှောက်လျှက် အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ပေါက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video