၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တက်ပုအောင်း ကျေးရွာ အနီး လယ်ကန်သင်းပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
တက်ပုအောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃)ဖာလုံခန့်အကွာ ဦးမြစံနှင့် ဦးရွှေမောင်တို့၏ လယ်ကွက် (၂)ကွက်အကြား လယ်ကန်သင်းပေါ်တွင် အသက် (၄၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦးသည် အင်္ကျီမပါ ပုဆိုးအစိမ်းအကွက်နုတ် ၀တ်ဆင်ကာ မြောက်ဘက်သို့ ဦးခေါင်းပြုလျှက် ပက်လက် အနေ အထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ ကုက်္ကိုကုန်း နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) အရ ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment