Sunday, February 8, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် (၀၁း၃၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ရေနံချောင်းမြို့၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
 
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တွင်းကုန်း ရပ်ကွက်မှ ရေနံချောင်းမြို့တွင်း သို့ ရေနံချောင်း မြို့၊ ခံကုန်းကွက်သစ်နေသူ ဂိုးပက်ထရို ရေနံအလုပ်သမား သန်းမျိုး (၂၅)နှစ် မောင်းနှင်လာသည့် ၃၂ယ/xxxxx လော့ဂျား ၁၁၀ ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း ၀ဲဘက်ရှိ လမ်းညွှန်အုတ်ခုံ ဆိုင်းဘုတ်အား ၀င်ရောက် တိုက်မိသဖြင့် သန်းမျိုးတွင် နဖူးယာဘက်ပွန်းပဲ့၊ ပါးစပ်မှသွေးထွက်၊ ယာပေါင် ပွန်းဒဏ်ရာများရရှိ သေဆုံးသွားသဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ သန်းမျိုးအား ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင် ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video