၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနေသူ ဦးသိန်းအောင်(၃၈)နှစ် သည် နေအိမ်ပေါ်၌ သမီးဖြစ်သူ မစန္ဒာမိုးနှင့် အတူရှိနေစဉ် နေအိမ်ဝိုင်းအတွင်းမှ ၄င်း၏ခွေး ဟောင်နေ၍ ခွေးအားငေါက်ရာ အိမ်ရှေ့လမ်းပေါ်တွင် တစ်ရွာတည်းနေ ပြည့်ဖြိုးမောင် (ခ)ငပြည့် (၂၇)နှစ်အား တွေ့မြင် ရကြောင်း၊ ခွေးဟောင် သည့် ကိစ္စနှင့်ပတ်သက်၍ တစ်ယောက်တစ်ခွန်း စကားများကြရာ မှ ပြည့်ဖြိုးမောင် သည် ဦးသိန်းအောင်၏ နေအိမ်လှေကားပေါ်သို့ တက်လာကာ အသင့်ပါလာသော အရိုးအသွား (၁)တောင်ခန့်၊ ဗျက်(၄) လက်မခန့်ရှိ တောင်ယာသုံး ဓါးမနှင့် ဦးသိန်းအောင် အား ခုတ်သဖြင့် ဦးသိန်းအောင်တွင် ယာပါး (၁)လက်မခွဲခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
Monday, February 9, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment