၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စမိတ်ရွာနေသူ ဒေါ်နုကြည်(၄၉)နှစ် သည် ၄င်း၏ (၃ ပင်x၂ ပင်)၊ ၀ါးကပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း၊ မြေစိုက်တဲအိမ်နှင့် တစ်ဆက်တည်းတွင် အဖီချထားသည့် မီးဖိုအတွင်း ထမင်းဟင်း ချက်ပြုတ်ပြီး မီးဖိုအား သေချာစွာ မီးငြိမ်းသတ်ခြင်းမရှိဘဲ ယာတောသို့ သွားရောက်စဉ် မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် နေအိမ်တဲနှင့်အတူ နေအိမ်အတွင်း ထားရှိသော စပါးတင်း (၂၀)တို့အား မီးကူးစက် လောင်ကျွမ်း ခဲ့ကြောင်းနှင့် ရွာသူရွာသားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၉ နာရီအချိန် မီးငြိမ်းသွား ခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်ဆုံးရှုံးမှုတန်ဘိုးမှာ ၁၀၄၀၀၀ိ/-ခန့် ပျက်ဆီး ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူ ဒေါ်နုကြည် အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment