Tuesday, February 10, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောက်မြို့နယ်၊ ဂွေးချို-ကျောက် ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ်၊ ၃၉၀/၁နှင့် ၃၉၀/၂ အကြားတွင် ယာဉ် တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါယာဉ်မှာ ဒေသထွက် အ၀တ်အထည်နှင့် စောင်များ လိုက်လံ ရောင်းချနေသော ယာဉ်အမှတ် 8K/xxxxx လိုက်ထရပ် အဖြူရောင်ယာဉ် ဖြစ်ကြောင်း၊ ယာဉ်မောင်းမှာ ပုသိမ်မြို့၊ ဥမ္မာဒန်္တီရပ်နေသူ တင့်ဝေ (ခ) ၀ကြီး(၂၁)နှစ် ဖြစ်ပြီး ကျောက်ပန်းတောင်းဘက်မှ ဂွေးချိုဘက်သို့ မောင်းနှင် လာစဉ် ဂွေးချို-ကျောက် ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ်၊ ၃၉၀/၁နှင့် ၃၉၀/၂ အကြား၊ လမ်းအကွေ့ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ဈေးရောင်းလိုက်ပါသူ ကျား(၇)ဦး၊ မ(၁)ဦး အနက် ပုသိမ်မြို့နယ်၊ အိုးဖိုရွာနေသူ ညိုဝင်းအောင်(၄၀)နှစ်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ပါးစပ်နှင့်နှာခေါင်း မှ သွေးထွက် ဒဏ်ရာများ ရရှိသေဆုံးသွားခဲ့ကြောင်း၊ ကျန် ကျား(၆)ဦး၊ မ(၁)ဦးမှာ စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရပါသည်။ 
 
ယာဉ်မဆင်မခြင် မောင်းနှင်သူ တင့်ဝေ(ခ)၀ကြီး အား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video