Sunday, February 1, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းတုန်းမြို့နယ် မြောက်ပြင်ရဲကင်းစခန်းမှူးမှ ဝဲမြောက်ကျေးရွာတောင်ဘက် (၄)ဖာလုံ ခန့် အကွာ မှ သေနတ်ပစ်ဖောက်သံကြားသဖြင့် ဝဲမြောက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဆင်တောင် (ဒေသအခေါ်) တောင်ပေါ်တွင် မင်းတုန်းမြို့နယ်၊ ငါးခူအိုးကျေးရွာနေ ကျော်နိုင်(၄ဝ) နှစ်အား ပြောင်းအရှည်(၂)ပေ၊ (၁ဝ)လက်မခန့်ရှိ တူမီး သေနတ် (၁)လက်၊ ယမ်းမှုန့်(၁)ဗူး၊ ခဲသီး(၁၂)လုံးတို့နှင့်အတူ ရှာဖွေတွေ့ရှိသဖြင့် တရားမဝင် တူမီးသေနတ် ကိုင်ဆောင်သူ ကျော်နိုင်အား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း(ပ)၇/၂ဝ၁၅၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video