Sunday, February 1, 2015

မကွေး     ဖေဖော်ဝါရီ     ၁
မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် မကွေး၊ ကလေးပြုစုစောင့်ရှောက်ရေးဌာနမှ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျရောက်မည့် မြန်မာ့နိုင်ငံကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ကလေးငယ်(၂၀)ဦးအား ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၇)နာရီအချိန်မှစ၍ မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံသို့လည်းကောင်း၊ မြသလွန်စေတီတော်သို့လည်းကောင်း ဆရာမများဦးဆောင်ပြီး လေ့လာရေး ခရီးပို့ဆောင်ပေးပါသည်။
မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအား ပထမဦးစွာပို့ဆောင်ပေးပြီး ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ရုပ်ထုနှင့် မီးရထား စက်ခေါင်းများအား လှည့်လည်ပြသပြီး ကလေးငယ်များအား ပျော်ရွှင်စွာ ကစားစေပါသည်။ ယင်းနောက် မြသလွန်စေတီတော်သို့ သွားရောက်ပြီး ဘုရားဖူးရင်း မြသလွန်စေတီတော်ကြီးသမိုင်းအား ရှင်းလင်းပြောကြားပေးခဲ့ကြောင်းသိရသည်။
ကလေးငယ်တွေက အများအားဖြင့် မိဘမဲ့တွေနဲ့ စီးပွားရေးအဆင်မပြေလို့ရောက်လာရတဲ့ ကလေးတွေများတဲ့အတွက် ကျွန်မတို့က ဆရာမအနေနဲ့သာမက မိဘအဖြစ်နဲ့ပါ စောင့်ရှောက်ပေးပြီး အခုလို ပြင်ပလေ့လာရေးခရီးထွက်ရတဲ့အတွက် သူတို့ကလေးတွေ စိတ်ဓါတ်ရေးရာအရပါ ပျော်ရွှင်လန်းဆန်းစေပါတယ်လို့ မကွေး၊ ကလေးပြုစုစောင့်ရှောက်ရေးဌာနမှ ဆရာမတစ်ဦးက ပြောကြားခဲ့ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video