၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည (၇) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ယာဉ်လမ်းစည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၂/၄ ၊ မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ မင်းဘူး-အမ်းကားလမ်းအတိုင်း ရွှေစက်တော်ဘုရားဘက်မှ မင်းဘူးဘက်သို့ မကွေးမြို့၊ အောင်စေတနာရပ်ကွက်နေသူ ယာဉ်မောင်း တင်မောင်ဌေး(၅၀)နှစ် မောင်းနှင်လာသည့် 8B/9254 လိုက်ထရပ် အဖြူရောင်ယာဉ်နှင့် မင်းဘူးဘက်မှ ပဒါန်းဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အရှေ့ပိုင်းရပ်ကွက်နေသူ သူရဇော်(၃၃)နှစ် မောင်းနှင်လာသည့် YGN 1H/3292 ခဲရောင်ဗင်ကား တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိရာမှ လိုက်ထရပ်အဖြူရောင်ယာဉ်ပေါ်တွင် လိုက်ပါ လာသော ကျား(၂၁)ဦး၊ မ(၁)ဦးတို့အနက်မှ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက် နေသူ ဥာဏ်မျိုးအောင် (၂၀)နှစ်တွင် ယာမျက်ခုံးကွဲ၊ ယာခါးပွန်းဒဏ်ရာ၊ မကွေးမြို့၊ ကန်သာရပ်ကွက်နေ သူ နိုင်ပြည့်စုံစိုး(၁၈)နှစ်တွင် ၀ဲလက်ဖ၀ါး ပေါက်ပြဲဒဏ်ရာနှင့် ယာဉ်မောင်း တင်မောင်ဌေး တွင် ယာတံတောင်/ လက်ဖျံ ပွန်းပဲ့၊ သူရဇော်တွင် ယာဒူး/ခြေချောင်းများ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ တင်မောင်ဌေးနှင့် သူရဇော်တို့အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment