Monday, February 2, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် (၁၂း ၀၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်၊ အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်း ကစား ဖမ်းဝရမ်း အမှတ် (၂/၂၀၁၅)ဖြင့် အောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေး ရွာနေသူ နေလင်း ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရှိရပါသည်။

နေလင်း မှာ နေအိမ်တွင်မတွေ့ရှိရကြောင်း၊ နေလင်း၏ ဇနီးဖြစ်သူ ဒေါ်ဇာလီအောင်(၃၀)နှစ် နှင့်အတူ တစ်ရွာတည်းနေ ဦးဝင်းတင် (၅၂)နှစ်၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ ၀က်ထီးကန် ကျေးရွာနေ ဦးသန်းထွန်း (၄၁)နှစ်တို့ (၃)ဦးအား တွေ့ရှိရပြီး ဒေါ်ဇာလီအောင်နှင့် ဦးဝင်းတင် တို့၏ ရှေ့စားပွဲပေါ်မှ ချဲထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်အတူ ငွေစက္ကူ ရောရာ-၃၁၇၀၀၀ိ/-၊ ဦးဝင်းတင်နှင့် ဒေါ်ဇာလီအောင်ပိုင် လက်ကိုင်ဖုန်း(၄)လုံး၊ ဦးဝင်းတင်ပိုင် LUOJIA-110 အနက်ရောင် ဆိုင်ကယ်(၁)စီး၊ ဦးသန်းထွန်းထံမှ လောင်းကစားရာတွင် အသုံးပြု သော စာရွက်စာတမ်းများနှင့် အတူ လောင်းကြေးငွေ -၄၅၀၀ိ/-၊ ၄င်းပိုင် ANBO-125 အနက် ရောင် ဆိုင်ကယ်(၁)စီး၊ လက်ကိုင်ဖုန်း (၁)လုံး၊ ဒေါ်ဇာလီအောင်၏ နေအိမ် အိပ်ခန်း အတွင်းမှ လောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ -၆၀၀၀၀ိ/-၊ စုစုပေါင်း လောင်းကြေးငွေ -၃၈၁၅၀၀ိ/-၊ လက်ကိုင်ဖုန်း (၅)လုံး၊ ဆိုင်ကယ် (၂)စီးတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရပါသည်။
 
 ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဇာလီအောင်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း တို့အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေ ရဲစခန်း (ပ)၅/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video