Monday, February 2, 2015

ရေနံချောင်း        ဖေဖော်ဝါရီ    ၂
    ရေနံချောင်းမြို့စပ္ပာယ်ရုံကျောင်းတိုက်တွင်တည်းခိုနေသည့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍လမ်းလျှောက်ဆန္ဒဖော်ထုတ်လျက်ရှိသောကျောင်းသားများသည် ဖေဖော်ဝါရီ ၂ရက်နေ့ နံနက် ၈း၄၅ အချိန်က စပ္ပာယ်ရုံကျောင်းတိုက်မှ ရေနံချောင်း ဂျီတီအိုင်ကျောင်းသို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ကျောင်းရှေ့တွင် ကျောင်းသားသပိတ်တွင် ပူးပေါင်းပါဝင်ရန် ကျောင်းသားသမ္မဂ္ဂဥက္ကဌ ကျော်ကိုကိုက ဟောပြောခဲ့သည်။
    သပိတ်စစ်ကြောင်းသည် ၉း၂၀အချိန်တွင် ဂျီတီအိုင်ကျောင်းရှေ့မှ ပြန်လည်ထွက်ခွါကာ ချောက်-ရေနံချောင်း-မကွေး လမ်မကြီးအတိုင်း ရေနံချောင်းဒီကရီကောလိပ်သို့ထွက်ခွါခဲ့ကြသည်။ ၁၀း၂၀အချိန်တွင် ရေနံချောင်းဒီကရီကောလိပ်သို့ရောက်ရှိပြီး ကျောင်းသားသမ္မဂ္ဂအဖွဲ့ဥက္ကဌ
 ကျော်ကိုကိုက ကျောင်းသားများ ပူးပေါင်း ပါဝင်ရန်ဟောပြောသည်။
ကျောင်းသားသပိတ်စစ်ကြောင်းတွင် မူလကျောင်းသားပါရှိသူ ၁၃၀ဦးခန့်နှင့် ရေနံချောင်းမြို့နယ်မှ ကျောင်းသားများ၊ ပြည်သူများပူးပေါင်း(၇၀)ဦးခန့်စုစုပေါင်း
အင်အား(၂၀၀)ခန့်နှင့် ကား(၇)စီးတို့ဖြင့် ၁၁း၀၅ အချိန်ကရေနံချောင်းမြို့မှ ထွက်ခွါသွားကြောင်းသိရသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video