၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေ (၃း၃၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှတ်(၈) ရပ်ကွက်အတွင်း မီးလောင် မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖြစ်စဉ်မှာ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်အတွင်းရှိ မိုးမြင့်ပဲဆံကြော်ဖိုအတွင်း ပဲကြော်ရာ တွင် လောင်စာအဖြစ်အသုံးပြုရန် စုပုံထားသည့် အလျား(၃ဝ)ပေ၊ အနံ(၂ဝ)ပေ၊အမြင့် (၅)ပေခန့်ရှိတဲမှ သစ်ပါးလွှာဖတ်ပုံအား မီးလောင်နေကြောင်းတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၅၄ဝ အချိန် မီးညွှန့် ကျိုးကာ၊ ၁၅၄၅ အချိန်မီးငြိမ်းသွားခဲ့သည်။ မီးလောင်ချိန်တွင် အမှတ်(၈)ရပ်ကွက်နေ ပဲဆံကြော်ဖို အလုပ် သမားဖြစ်သူ ပေါလေး(ခ) စိုးနိုင်ဝင်း (၂၇)နှစ်မှ သစ်ပါးလွှာဖတ်များအား သယ်ယူမီးထည့်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှု ကြောင့် လူ/တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိဘဲ သစ်ပါးလွှာဖတ်ပုံ တန်ဘိုး(၁ဝဝဝဝိ/-)ခန့် ဆုံရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ ပေါလေး(ခ)စိုးနိုင်ဝင်းအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။

0 comments:
Post a Comment