၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် (၈း ၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ချောက်မြို့နယ်၊ မြေစွန်းတော်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး လူနေတဲ တစ်လုံး တန်ဘိုး ၅၀၀၀ိ/- ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ချောက်မြို့နယ်၊ မြေစွန်းတော်ကျေးရွာနေ ဒေါ်ခွေးမကြီး (၈ဝ)နှစ်သည် နေအိမ်တွင် ထမင်း ချက်ရာ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ (၃)ပင်ပတ်လည်၊ မြေစိုက်၊ ထန်းလက်မိုး၊ ထန်းလက်ကာ နေအိမ်မီးလောင်ကျွမ်းပြီး ရွာသူ/သားများမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ဝ၈၄၅ အချိန် မီးငြိမ်းသွားခဲ့ပြီး၊ လူ/တိရိစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိဘဲ ကျား ၁ ဦး၊ မ ၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ တန်ဘိုး (၅ဝဝဝိ/-) ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ခွေးမကြီးအား ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်း (ပ) ၄/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment