Sunday, February 1, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေ (၄း ၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဧရာဝတီတံတား (မလွန်) ပေါ်တွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတံတား (မလွန်) ပေါ်တွင် မင်းလှမြို့ဘက်မှ မိကျောင်းရဲသို့ မင်းလှမြို့နယ်၊ သပြေတော ကျေးရွာနေ မြင့်စိုး(၆ဝ)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ကျော်ဝေ(၅၂) နှစ်နှင့် တင်ငွေ(၄၅)နှစ် တို့လိုက်ပါလာသော နံပါတ်မပါ BMX အနက်ရောင်လေးဘီးဆိုင်ကယ်သည် တံတားတိုင်အမှတ် RP 7/RP 8 ကြားအရောက်တွင် ယာဘက်ရှေ့ဘီးဖောက်ကျိုး၍ တိမ်းမှောက် သဖြင့် မြင့်စိုးတွင် ဝဲ/ ယာတံတောင်ပွန်းပဲ့၊ ဝဲဒူးပွန်းပဲ့၊ ယာခြေမပေါက်ပြဲ၊ ယာလက်ခုံပွန်းဒဏ်ရာ(မစိုးရိမ်ရ)၊ တင်ငွေတွင် မျက်နှာပေါက်ပြဲ၊ ဝဲခြေထောက်ပေါက်ပြဲ၊ ဝဲ/ယာဒူးပေါက်ပြဲ၊ ဦးခေါင်းဂျိုဇောင်းပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)နှင့် ကျော်ဝေတွင် နှာခေါင်းသွေးထွက်ဒဏ်ရာရရှိ(သေဆုံး)သွားကြောင်း သိရှိရသည်။

 ယာဉ် မဆင်မခြင်မောင်းနှင်သူ မြင့်စိုး (၆၀)နှစ်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅ ၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video