နတ်မောက် ဖေဖေါ်ဝါရီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ၇က် နံနက် ၉ နာရီက မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်မှ လှူဒါန်းသောကျပ် (၁၀)သိန်းကို မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး အားလည်းကောင်း ၊ မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလှူဒါန်းသော ကျပ်တစ်သိန်းကို မကွေးတိုင်းဒေသကြီး တွဲဖက်အတွင်း ရေးမှူး ဦးဆန်းညွန့်အောင်က ဗိုလ်ချုပ်ရာပြည့်ကျင်းပရေးဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးမင်းအားလည်းကောင်း၊ မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလှူဒါန်းသောကျပ်တစ်သိန်းကို တွဲဖက်အတွင်းရေးမှူးအားလည်းကောင်း ၊ နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလှူဒါန်းသောကျပ်သုံးသိန်းကို
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က မြို့နယ်ပါတီဝင်ဦးဇော်လတ်မိုးအားလည်းကောင်း အသီးသီးလှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။ထို့နောက်တက်ရောက်လာကြသော လွှတ်တော် ကိုယ်စားလှယ်များ ၊ အလှူရှင်များနှင့် မြို့နယ်ရာပြည့်အတွင်းရေးမှူးတို့အပါအဝင် အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
Tuesday, February 3, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment