Tuesday, February 3, 2015

 မြို့သစ်မြို့နယ်အတွင်းနေထိုင်သော(၁၈)နှစ်ပြည့်ပြီးသူတိုင်း(မှတ်ပုံတင်)
နိုင်ငံသားစိစစ်ရေးကဒ်ရရှိစေရန်ရည်ရွယ်၍မိုးပွင့်အထူးစီမံချက်လုပ်ငန်းရှင်းလင်းဟောပြောပွဲ
အခမ်းအနားကိုဖေဖော်ဝါရီ (၁)ရက်နေ့တွင်မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခမ်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင်မြို့သစ်မြို့နယ်နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးရေး
လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဗိုလ်အောင်မောင်မောင်မှ
အဖွင့်အမှာစကားပြောကြားပြီး မကွေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
ခရိုင်ဦးစီးဌာနမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်မှမိုးပွင့်အထူးစီမံချက်လုပ်ငန်းဆောင်ရွက်မှုနှင့်
ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားခဲ့ပါသည။်
ထို့နောက်အခမ်းအနားသို့တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းရာ
\လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဝင်းမြင့်မှ
ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
  အဆိုပါအခမ်းအနားကိုပြည်ူသူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ
ဦးကျော်ဝင်းနှင်ရပ် /ကျေးအုပ်ချုပ်ရေမှူးများ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်းသတင်းရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video