Tuesday, February 3, 2015
4:03 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ကလေးများအား ပျော်ရွှင်လန်းဆန်းတက်ကြွပြီး ကောင်းမွန်သည့် အနာဂါတ်များ ပိုင်ဆိုင်စေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ မကွေးမြို့ မူလတန်းကြို ကျောင်းမှ ကလေးငယ်များအား ယနေ့နံနက်တွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်ကြောင်းသိရသည်။
မကွေးမြို့ မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား မြန်မာနိုင်ငံကလေးများနေ့အကြို ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးသလို လေ့လာရေးခရီးအဖြစ် မကွေးမြို့ သမိုင်းဝင်မြသလွန်စေတီသို့လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင်များသို့လည်းကောင်းပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများ၊ အကပြိုင်ပွဲများတွင် ဆုရရှိသူများကို မြန်မာနိုင်ငံကလေးများနေ့ ကျရောက်သည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
ညီညီမောင်
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment