နတ်မောက် ဖေဖေါ်ဝါရီ ၃
နတ်မောက်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ဌာနပေါင်းစုံနှင့်ရပ်ကွက်ကျေးရွာစုပေါင်း မြန်မာ့ရိုးရာထမနဲထိုးပွဲကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့နံနက် ၈ နာရီက ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ရင်ပြင်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များ၊ပြိုင်ပွဲအကဲဖြတ်အဖွဲ့ဒိုင်လူကြီးများ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၂၇ သင်း၊ဖိတ်ကြားထားသည့်ဌာနဆိုင် ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ရာပြိင်ပွဲဝင်အသင်းများက အားကြိုးမာန်တက် ထမနဲထိုးပြိုင်ပွဲဝင်ကြပြီး လိုက်ပါအားပေးကြသူ ဧည့်ပရိတ်သတ်များက အိုးစည်ဒိုးပတ်များဖြင့် တပျော်တပါး တီးမှုတ်သီဆို ကပြဖျော်ဖြေအားပေးကြသည်။ယင်းနောက် ပြိုင်ပွဲကို အစီအစဉ်လိုက်ဆက်ကလ်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများက ရေကုန် ရေခမ်းအကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲများကို အသီးသီး စမ်းသပ်စစ်ဆေးသုံးဆောင်ကြကာအကဲဖြတ်အမှတ်ပေးကြသည်။ပြိုင်ပွဲကျင်းပနေစဉ်အတွင်း
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်တို့သည် အကြိတ်အနယ်ယှဉ်ပြိုင်လျှက်ရှိသည့် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှု အခြေအနေများ ကို လိုက်လံကြည့်ရှုအားပေးကြသည်။ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ဆုချီးမြှင့်ပွဲတွင် ပထမဆု (၅)သောင်း၊ ဒုတိယဆု (၃)သောင်း၊ တတိယဆု(၂)သောင်းနှင့်နှစ်သိမ့်ဆု တစ်သောင်းတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများမှဆုရရှိသောအဖွဲ့များကို အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။
Tuesday, February 3, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment