Wednesday, February 4, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ ည ၈နာရီခွဲအချိန်ခန့်တွင်မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊တောင်တွင်းကြီးမြို့နယ် ၊ဂွေးကုန်းကျေးရွာနေ မအိအိငြိမ်း(၁၇)နှစ်သည် မိဘများ ခရီးလွန်နေသဖြင့် ညပိုင်းတွင်အဖော်အဖြစ်လာရောက်၍အိပ်ပေးကြသောတစ်ရွာတည်းနေမ၀င်းဝင်း(၁၈)နှစ်နှင့်မလင်းလင်းမွန် (၂၁)နှစ်တို့နှင့် အတူနေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေစဉ် လူတစ်ဦး ခြင်ထောင်လာလှပ်သဖြင့် ဓါတ် မီးဖြင့် ထိုးကြည့်ရာ တစ်ရွာတည်းနေဇော်မင်းလတ် (၂၁)နှစ်အားတွေ့မြင် လိုက်ရပြီး ထွက်ပြေး သွားသဖြင့် ခရီးထွက်နေသော မိခင်ဖြစ်သူ ပြန်ရောက် မှပြောပြခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ဇော်မင်းလတ်အားအရေးယူပေးပါရန်၃.၂.၂၀၁၅ရက်နေ့တွင် မအိအိငြိမ်း၏ မိခင်ဖြစ် သူ ဒေါ်မူဝင်း မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း (ပ)၁၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၅၆ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video