၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်(၀၅း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းအရှေ့တောင်ဘက် (၂)မိုင်ခန့် အကွာ မြို့သစ်-နေပြည်တော်ကားလမ်းပေါ် သီးပင်ကျေးရွာ အနီးတွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၀၅၃၀ အချိန်ခန့်တွင် မြို့သစ်-နေပြည်တော် ကားလမ်းအတိုင်း မြို့သစ်မြို့မှ သန်းကုန်း ကျေးရွာ ဘက်သို့ သန်းကုန်းကျေးရွာနေသူ ယာဉ်မောင်း အောင်နေလင်း (၃၄)နှစ် မောင်းနှင်သော သုံးဘီး ဆိုင်ကယ် ယာဉ်အမှတ် ၆ဟ/xxxxx အပြာရောင်သည် မိုင်တိုင်အမှတ် (၄၈/၇ နှင့် ၄၉)ကြား အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ၀ဲဘက် (၄)ပေခန့်ရှိ ချောက်ထဲသို့ ထိုးကျသွားစဉ် ယာဉ်မောင်း အောင်နေလင်း၏ ၀ဲဘက်ဘေးခုံတွင် စီးနင်းလိုက်ပါ လာသည့် သန်းကုန်းကျေးရွာနေ ဦးကျော်ငြိမ်း(၄၀)နှစ်မှာ ပြုတ်ကျပြီး သုံးဘီးဖြင့်နင်းမိကာ နှုတ်ခမ်းယာဘက် ပေါက်ပြဲဒဏ်ရာ၊ ယာဘက် ရင်အုံဖူးရောင် ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
0 comments:
Post a Comment