မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
မိုးပွင့်အထူးစီမံချက်ရှင်းလင်းပွဲကိုဖေဖော်ဝါရီ၁၅ ရက်နံနက် ၁၀ နာရီကမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ကျင်းပရာမကွေးခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနခရိုင်ဦးစီးဌာနမှူးဒုတိယညွန်ကြားရေးမှူးဦးဝင်းမြင့်ကမိုးပွင့်အထူး
စီမံချက်ပေါ်ပေါက်လာရခြင်းမှာလွတ်တော်ကိုယ်စားလှယ်များ၏တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ၏
လမ်းညွန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး၏ အစီအမံများဖြင့်ပြည်သူဗဟိုပြုမိုးပွင့်အဆင့်(၁)မှ(၇) အထိဆောင်ရွက်ခဲ့ရာမကွေးခရိုင်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း (၆၅၈၁)စုနိုင်ငံသားစီစစ်ရေး ကဒ်ပြား(၁၉၉၈၀၀)အား ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ရပ်ကွတ်ကျေးရွာအရောက်အကြိမ်ကြိမ် ကွင်းဆင်း ဆောင်ရွက်ခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားရန်ကျန်ရှိနေဆဲဖြစ်၍ မိုးပွင့်အထူးစီမံချက်ဖြင့်ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လကြာကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့်အသက် ၁၈ နှစ်ပြည့်လာမည့်သူများအား မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်ကဒ်ပြားတစ်မျိုးမျိုးထုတ်ပေးသွား မည်ဖြစ်ကြောင်းအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်ဆက်လက်၍မြို့နယ်အုပ်ချူပ်ရေးမှူးဦးသိန်းဇော်
နှင့်မြို့နယ် ဦးစီးဌာနမှူးဦးအောင်သန်းဝင်းတိုကရပ်ကျေး ၈၂ အုပ်စုတိုမှအုပ်ချူပ်ရေးမှူးများ စာရေးဝန်ထမ်း များအား မိုးပွင့်အထူးစီမံချက်လုပ်ငန်းများအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးလိုအပ်ချက်များ ကိုဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
နိုင်ဝင်း
Monday, February 16, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment