၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည (၉)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူး-မကွေး ကားလမ်း၊ ဧရာဝတီတံတားပေါ်(မင်းဘူးဘက်ခြမ်း)၊ တံတားတိုင် အမှတ် P ၁၄ နှင့် P ၁၅ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရှိပါသည်။
မင်းဘူးဘက်မှ မကွေးဘက်သို့ မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက် နေသူ ကိုဝင်းနိုင်ဦး (၄၈)နှစ် မောင်းနှင်ပြီး အလယ်မှ မစုဝေဖြိုး၊ (၈)နှစ်(၆)လနှင့် နောက်ဆုံးမှ မမျိုးမျိုး(ခ) မစန္ဒာမျိုးကျော် (၄၃)နှစ် တို့ လိုက်ပါ စီးနင်းလာသည့် ၂၃ယ/xxxxx ဂျင်းလီ ၁၁၀ အပြာရောင်ဆိုင်ကယ် အား မကွေးဘက်မှ မင်းဘူးဘက်သို့ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနေသူ ယာဉ်မောင်း သန်းထိုက် (၄၀)နှစ် မောင်းနှင်လာသည့် 9D/9482 ကင်တာအဖြူရောင်ယာဉ်မှ တစ်ဖက် ယာဉ်ကြောအတွင်း သို့ ၀င်ရောက် တိုက်မိခဲ့သဖြင့် ကိုဝင်းနိုင်ဦးတွင် ယာဘက်မျက်ခုံးကွဲ၊ ယာဘက်ပါးရိုးပေါက်ပြဲ၊ ၀ဲလက်သန်းထိပ် ပေါက်ပြဲ၊ ၀ဲခြေမ ပေါက်ပြဲ၊ ၀ဲလက် သူကြွယ်ပေါက်ပြဲ၊ ၀ဲခြေသန်းပေါက်ပြဲဒဏ်ရာ၊ မစုဝေဖြိုးတွင် ယာဘက်ပါး ပွန်းပဲ့ဒဏ်ရာ၊ ၀ဲ/ယာ လက်ဖမိုး ပွန်းဒဏ်ရာနှင့် မမျိုးမျိုး(ခ) မစန္ဒာမျိုးကျော်တွင် ဦးခေါင်းဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ နဖူး ဖူးယောင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment