Monday, February 16, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် (၀၉း၅၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်ရှိ နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီ ၀န်းအတွင်း အလုပ်သမားတန်းလျားတွင် နေထိုင်သော ကုမ္ပဏီစက်ကြီးမောင်း ဖြိုးဝင်းနောင်၏ဇနီး မလှသင်းရီ (၂၂)နှစ်၏ နေအိမ်လိုင်းခန်း လျှပ်စစ်ကွိုင်မီးဖိုမှ အပူလွန်ကဲပြီး နေအိမ် လိုင်းခန်းထရံအား မီးကူး စက်လောင်မှု ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ယာဉ် (၄)စီး၊ မနောဖြူ လူမှုကူညီရေးအသင်း ရေသယ်ယာဉ် (၁)စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် (၃)စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၀း၁၀ နာရီ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် အလျား (၅၀)ပေ၊ အနံ(၁၈)ပေ (၅)ခန်းတွဲ ၀ါးကပ်မိုး၊ ထရံကာ အလုပ်သမားတန်းလျား (၁)ခု (တန်ဘိုး ၈၀၀၀၀ိ/-)၊ အလျား (၂၀)ပေ၊ အနံ(၁၈)ပေ ၀ါးကပ်မိုး၊ ထရံကာ ရုံးခန်း(၁)ခု (တန်ဘိုး ၂၀၀၀၀ိ/-)၊ ယာဉ်အမှတ် 6G/2124 ဖောကား မြေသယ်ယာဉ်၏ ရှေ့ခန်း မီးကူးစက် လောင်ကျွမ်းကာ ကားကူရှင် ၀ိုက်ဘာ ပလပ်စတစ် ပစ္စည်းများ ပျက်စီး (တန်ဘိုး ၁၅၀၀၀၀ိ/-)၊ ယာဉ်အမှတ် ၉ဌ/၁၈၆၂၆ ဖောကား ရေသယ်ယာဉ်၏ စက်ဖုံး မီးဟပ်သဖြင့် ဆေးများပျက်စီး၊ ရှေ့မီးခွက်နှင့် ၀ိုင်ယာများ မီးလောင်ပျက်စီး (တန်ဘိုး ၈၀၀၀၀ိ/-)၊ စုစုပေါင်းတန်ဖိုး (၃၃၀၀၀၀ိ/-)ခန့် မီးလောင်းဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။ 
မီးပေါ့ဆသူ မလှသင်းရီ အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video