Monday, February 16, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းအနောက်မြောက်ဘက် (၅)မိုင်ခန့် အကွာ ကျောင်းကုန်းကြီး ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ် ဦးစီးမှူး ဦးရှိန်းမင်းထက် ပါ(၇)ဦးတို့နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရှိပါသည်။
ဖြစ်စဉ်မှာ ကျောင်းကုန်းကြီး ကျေးရွာ အနောက်ပိုင်းနေ ဦးဖိုးပေါက်(ခ)စိန်လင်း (၅၀)နှစ် ၏ ပေ(၃၀x၂၀) နှစ်ထပ် ထရံကာ၊ သက္ကယ်မိုး နေအိမ် မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရာ ရွာသူ/ရွာသားများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ ၀၂း၁၀ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း၊
မီးလောင်မှုကြောင့် ၎င်းအိမ်တစ်လုံး တန်ဖိုး (၂၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်းသိရှိရပြီး မီးပေါ့ဆသူ ဦးဖိုးပေါက်(ခ)စိန်လင်းအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video