Thursday, February 12, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ (၀၆း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်/လမ်းစည်းကမ်း တာဝန် ဆောင် ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်လမ်းအတိုင်း မြို့တွင်းသို့ ဆိပ်ဖြူမြို့နယ်၊ တောင်ငယ်လုံးကျေးရွာနေသူ ကိုကိုထွန်း (၁၉)နှစ် သည် DAYANG-110 အစိမ်းရောင်ဆိုင်ကယ် နောက်တွင် တစ်ရွာတည်းနေ စိုးလင်းအောင် (၁၉)နှစ် အား တင်ဆောင် မောင်းနှင်လာစဉ် ဗိုလ်ချုပ်လမ်း၊ ဖြိုးစည်စားသောက်ဆိုင် လမ်းကြား အရောက် တွင် ချောက်မြို့၊ အမှတ်(၇)နယ်မြေ၊ အုတ်ဖိုရပ်နေသူ ယာဉ်မောင်း ကျော်လွင်(၅၂)နှစ် မောင်းနှင်လာသော ၉ဌ/၄၂၃၉ အပြာရောင် ထော်လာဂျီယာဉ်မှ ၀င်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ် စီးသူ ကိုကိုထွန်း နှင့် စိုးလင်းအောင် တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်လွင်အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video