ဆင်ပေါင်ဝဲ ဖေဖေါ်ဝါရီ (၁၂)
ဆင်ပေါင်ဝဲမြို့ ၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနား ကို ၂၀၁၅-ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၂)ရက် နေ့ နံနက် (၆:၃၀)ချိန်က မြို့နယ်အခြေခံ ပညာ အထက် တန်းကျောင်း အားကစားကွင်း တွင်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၅-ခုနှစ်၊(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လွင်က ဖတ်ကြားပြီး ပြန်ကြားရေးနှင့် ပြည့်သူ ဆက်ဆံရေးဦးစီးဌာနက တက်ရောက် လာကြ သူများအား ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေကြကြောင်းသတင်းရရှိသည်။
Friday, February 13, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment