၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် (၀၁း၀၈)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရာတောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်နေသူ မိုးသဲ(၄၄)နှစ် သည် ၂၅ယ/၁၁၈၁၉ KAIZER 110 ဖြူပြာကြား ဆိုင်ကယ် နောက်တွင် တစ်ရပ်ကွက်တည်းနေ ပြည့်ဖြိုးအောင် (၁၈)နှစ် အား တင်ဆောင်ပြီး ကုက်္ကိုကုန်းရွာမှ တောင်တွင်းကြီးမြို့သို့ သီးပင်ဝိုင်းရွာမှ ဆတ်သွား ရွာဘက် သွားသည့် လှည်းလမ်းအတိုင်း မောင်းနှင် ပြန်လာခဲ့ရာ ရထားလမ်းကူးတံတား ဂိတ်မရှိသည့် ရထားလမ်း အား ဖြတ်ကူးမောင်းနှင်စဉ် တောင်တွင်းကြီးဘူတာမှ နေပြည်တော်ဘက်သို့ မောင်းနှင် လာသော အမှတ်(၁၀၂) အစုန်စာပို့ရထားနှင့် မလွတ်ဘဲ တိုက်မိခဲ့ကြောင်းသိရှိရပါသည်။
မိုးသဲနှင့် ပြည့်ဖြိုးအောင် တို့မှာ ဆိုင်ကယ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ ဆိုင်ကယ် မှာ နောက်ဘီးခွင်၊ ရှေ့ကာဘာနှင့် မီးသီးတို့ ကွဲခဲ့ကြောင်း သိရှိရပါသည်။


0 comments:
Post a Comment