Thursday, February 12, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ၀ယ်တောင်အုပ်စု၊ ၀ယ်တောင် (တ)ရွာအနီး ရွှေနံ့သာအမှတ်(၂)ဆည်တွင် ရေနစ် သေဆုံးမှု ဖြစ်ပွားကြောင်း ၀ယ်တောင် (တ)ရွာ ဆယ်အိမ်စုမှူး ဦးတိုက်ပေါ(၄၆)နှစ် ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
သွားရောက်စစ်ဆေးစဉ် ၀ယ်တောင်(တ)ကျေးရွာ အနောက်တောင်ဘက် (၂)ဖာလုံခန့် အကွာ ရွှေနံ့သာ အမှတ်(၂) ဆည်ဘောင်တွင် ရေနစ်သေဆုံးသူ အား ဆယ်ယူထားသည်ကို တွေ့ရှိရကြောင်း၊
ဖြစ်စဉ်အား မေးမြန်းရာ ရေနစ်သေဆုံးသူမှာ ၀ယ်တောင်(တ)ရွာနေသူ ဦးသန်းမြင့်(၆၆) ဖြစ်ကြောင်း သိရှိ ရပြီး နေ့လယ် (၂)နာရီအချိန်ခန့်တွင် ရေချိုးရန်နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ တစ်ရွာ တည်းနေ မောင် သက်ဆွေမိုး မှာ ရေချိုးရန် သွားရောက်စဉ် ဦးသန်းမြင့်မှာ ဆည်အတွင်း ရေနစ်နေသည် ကို တွေ့မြင်ရသဖြင့် ရွာသို့ ပြန်လာကာ ဆယ်အိမ်စုမှူး ဦးတိုက်ပေါထံ အကြောင်းကြား ခဲ့ကြောင်း၊ ရွာသားများမှ ဆည်သို့သွားရောက်ကာ ရေနစ်သူ ဦးသန်းမြင့်အား ရှာဖွေဆယ်ယူခဲ့ ကြောင်း သိရှိရ ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသန်းမြင့် သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ၄င်းသေဆုံးခြင်း အကြောင်းရင်းမှန်အား စစ်ဆေးပေးပါရန် ဦးတိုက်ပေါမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video