Thursday, February 12, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေတွင်းမြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်သောင်း(၅၁)နှစ် သည် နေအိမ်တွင် ရှိနေစဉ် မီးလောင်သည် ဟု အော်သံကြား၍ သွားကြည့်ရာ တစ်ရွာတည်းနေ ဇော်မင်းနိုင် (၂၆)နှစ်၏ နွားတင်းကုတ် အား မီးစွဲလောင်နေသည်ကို တွေ့ရပြီး ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ဖြင့် ၀၅၄၀ အချိန် မီးငြိမ်းသွားကြောင်းနှင့် ၀ါးထရံတစ်ချပ် (တန်ဖိုး ၁၂၀၀ိ/-) မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်ရခြင်းမှာ ဇော်မင်းနိုင်နှင့် အိမ်ချင်းကပ်လျှက်နေ ၄င်း၏ဦးလေးဖြစ်သူ ၀င်းဗိုလ်(၅၃)နှစ်မှ မီးရှို့ ခဲ့ကြောင်း၊ မီးလာရောက် ငြိမ်းသတ်သူ တစ်ရွာတည်းနေ ဦးတင်ဝင်း(၅၅)နှစ် အား အရှည် (၂)ပေ၊ (၁၀)လက်မခန့်ရှိ ၀ါးတုတ်ဖြင့် ရိုက်ခဲ့ရာ ဦးတင်ဝင်းတွင် ၀ဲဂျိုစောင်း ဖူးရောင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၀င်းဗိုလ်အား အရေးယူပေးပါရန် ၁၁.၂.၂၀၁၅ ရက်နေ့တွင် ရေတွင်းမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်သောင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၃၆/၃၂၃ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video