Wednesday, February 11, 2015

မကွေး   ဖေဖော်ဝါရီ    ၁၁
    ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွက် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏နှစ်(၁၀၀)ပြည့်နှင့် မြန်မာကလေးများနေ့ကို ကြိုဆိုသောအားဖြင့် မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင်  ကလေးများအား အားကစားပြိုင်ပွဲများ၊ ကဗျာရွတ်၊ အကပြိုင်ပွဲများကို ယနေ့နံနက်က ပြုလုပ်ပေးလျက်ရှိပါ သည်။
    အားကစားပြိုင်ပွဲများတွင် ကလေးများအား ကိုယ်လက်လှုပ်ရှားမှုအနေဖြင့် အပြေးပြိုင်ပွဲများ၊ အာလူးကောက်ပြိုင်ပွဲများနှင့် ကလေးငယ်များ၏ ဥာဏ်ရည်ဥာဏ်သွေးများထက်မြက်လာစေရန်အတွက် ပုံတူထပ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများပြုလုပ်ပေးပါသည်။ ကဗျာရွတ်ပြိုင်ပွဲများတွင် ``တို့ဗိုလ်ချုပ်´´ကဗျာ၊ ပစ်တိုင်းထောင်ကဗျာများဖြင့် လည်းကောင်း၊  အကပြိုင်ပွဲများတွင် စုံတွဲတေးသရုပ်ဖော်များ၊ ယိမ်းအကများဖြင့် ယှဉ်ပြိုင်စေခဲ့ပါသည်။ ပါဝင်ယှဉ်ပြိုင်သည့် ကလေးငယ်များအား မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်နွဲ့မှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။
    ယင်း ပြိုင်ပွဲများကို မကွေးမူလတန်းကြိုကျောင်း၊ မျက်ရှုရတနာမူကြို ဥယျာဉ်မှူးမူကြိုနှင့် စံပြမူကြိုမှ ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီးဆုရရှိသည့်ကလေးငယ်များ အား မြန်မာနိုင်ငံကလေးများနေ့ဖြစ်သည့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video