၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် (၀၃း၄၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ယာဉ်တိုက်မှု့ ဖြစ်ပွား၍ လူတစ်ဦးသေဆုံးကြောင်း သတင်းရရှိ ပါသည်။
မြိုင်-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် ၂၁/၁ နှင့် ၂၁/၂ ကြား ထန်းငယ်တော ကျေးရွာအနီးတွင် မြိုင်မြို့မှ ပခုက္ကူမြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ်(၂)ရပ်ကွက်နေသူ အော်ဒီဒူး ကုမ္ပဏီယာဉ်မောင်း ဦးကြည်စိုး(၄၈)နှစ် မောင်းနှင် လာသည့် YGN 7C/ xxxx SURF ခဲရောင် ယာဉ်မှ ၄င်းလမ်းအတိုင်း ပခုက္ကူမှ မြိုင်သို့ မြိုင်မြို့နယ်၊ ထန်းရင်းကုန်း ကျေးရွာနေသူ ဦးတင်ဝင်း (၅၀)နှစ် မောင်းနှင်လာသည့် ၂၆ယ/xxxxxx ဂျာလင်း စူပါကဒ် အစိမ်းရောင်ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိသဖြင့် ဦးတင်ဝင်းတွင် ၀ဲခြေသလုံးရိုးကျိုး၊ ၀ဲလက်ကောက်ဝတ် ကျိုး၊ အပေါ်နှုတ် ခမ်း ပေါက်ပြဲဒဏ်ရာ၊ နဖူး ဖူးရောင်ဒဏ်ရာများရရှိပြီး အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကြည်စိုးအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment