၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် (၁၂း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ၊ ထောက်ရှာပင်ရေနံမြေရဲတပ်စုမှ ရဲတပ်ဖွဲ့ဝင် များသည် နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ရွှေရောင်တော် ကျေးရွာနေ ဦးစိုးသီဟ၏ နေအိမ်ဈေးဆိုင်သို့ အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အမျိုးသမီးမှ ဆိုင်အတွင်း ၀င်ရောက်လာကာ အလှကုန်ပစ္စည်း ၀ယ်ရန် ဗီရိုရှိုးကေ့စ်အားဖွင့်၍ ဈေးဝယ်ရန်ပြင်ဆင်ပြီးမှ ဈေးမ၀ယ်ဘဲ ပြန်ထွက် သွားသဖြင့် ဦးစိုးသီဟမှ ဗီရိုအား ဖွင့်၍ စစ်ဆေးကြည့်ရာ ဖုန်းငွေဖြည့်ကဒ်များ ထည့်ထားသော ပလက်စတစ် ခွက်နှင့် ငွေဖြည့်ကဒ် များ ပျောက်ဆုံးနေသည်ကို ပြောပြသိရှိရသဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း သိရှိရပါသည်။
လိုက်လံရှာဖွေစဉ် အေးချမ်းသာယာရွာနှင့် ရွှေရောင်တော် ကျေးရွာကြား ကားလမ်းပေါ်တွင် အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့အား တွေ့ရှိ၍ စစ်မေးရာ မကွေးမြို့၊ သူဌေးကုန်းရပ်နေသူ မအေးအေးခိုင် (၄၄)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ချစ်ဆွေ(၃၀)နှစ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းတို့နှစ်ဦးထံမှ ဦးစိုးသီဟ ပျောက်ဆုံးသွားသည့် တစ်သောင်းတန် ငွေဖြည့်ကဒ်(၅)ကဒ်၊ ငါးထောင် ကျပ်တန် ငွေဖြည့်ကဒ် (၈)ကဒ်၊ သုံးထောင်ကျပ်တန် ငွေဖြည့်ကဒ်(၉)ကဒ်၊ တစ်ထောင်ကျပ်တန် ငွေဖြည့်ကဒ် (၈၆)ကဒ်၊ စုစုပေါင်း (၁၀၈)ကဒ် (တန်ဘိုး၂၀၃၀၀၀ိ/-)၊ ပလပ်စတစ်ကော်ခွက် (၁)ခွက်နှင့် ငွေစက္ကူရောရာ (၂၄၈၈၅၀ိ/-) တို့ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ငွေဖြည့်ကဒ် များ ခိုးယူသူ ချစ်ဆွေနှင့် မအေးအေးခိုင်တို့အား မင်းဘူး မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment