Friday, February 13, 2015

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် နှင့် မြန်မာ့ကလေးများနေ့ အထိမ်းအ မှတ်အခန်းအနားကို ရေနံချောင်မြို့တွင် ၂၀၁၅ခု ဖေဖော်ရီ ၁၃ရက် နံနက် ၈း၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။
၎င်းအခန်းအနားကိုနှစ်စဉ် ကျင်းပလာခဲ့ခြင်းကြောင့်  ကလေးများ၏အထက်မျက် ဆုံးအချိန်တွင်၊ နည်းမှန်လမ်းမှန် ဖွံ့ဖြိုးတတ်စေရန်၊ ကလေးများ၏အနာဂတ်လှပလာစေရန်၊ ကလေးများ၏သင်ယူနိုင်မှုအပေါ်တွင် အရွယ်နှင့်သင့်တင့် လျှေက်ပတ်သော သင်ယူမှုမျိုးဖြစ်စေရန် ကျင်းပပြုလုပ်ကြောင်းသိရသည်။ အခန်းအနားတွင် ကဗျာ ရွတ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများတွင် ဆုရရှိသည့်ကလေးမျာအား ဆုချီးမြှင့်ကြောင်းသိရသည်။
အခန်းအနားအပြီးတွင် တက်ရောက်သော ဧည့်သည်တော်တစ်ဦးမှ ကလေးများ၏ဖွံ့ဖြိုးချိန်တွင် စာသင်ခြင်း၊ ၀န်နှင့်အားမမျှသည့်သင်ယူခြင်းထက်၊ ယခုလိုကျင်းပသည့် အခန်းအနားက ပိုကောင်းကြောင်းသိရှိရသည်။
ပြိုင်ပွဲတွင်ဆုရရှိသော ကလေးများအားတက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ  ဒေါ်ဝေေ၀အောင်နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အိအိဖြိုးတို့မှ ဆုများချီးမြှင့်ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video