Friday, February 13, 2015
4:35 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့၊ မြန်မာနိုင်ငံကလေးများ နေ့တို့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေ သကြီး ဂန့်ဂေါမြို့နယ် အားကစားကွင်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးသောင်းမြို့တို့က ပြိုင်ပွဲကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေး ရွာများအဖွဲ့ စုစုပေါင်း ၃၀ ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲဆုများကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့နှင့်တာဝန်ရှိသူများ က ပြည်ထောင်စုနေ့အခမ်းအနားကျင်းပသည့်စင်မြင့်တွင် ချီးမြှင့်ပေးအပ် ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment