မကွေး ဖေဖော်ဝါရီ ၁၁
` မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှု မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များ၏ မင်းဘူး(စကု)မြို့နယ်အတွင်း နယ်လှည့် ဆေးကုသခြင်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ဆရာဝန်ကြီးများနှင့်အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲနှင့်တည်ခင်းဧည့်ခံပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့ညနေ ၆ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားသူကြီးချုပ်၊စာရင်းစစ်ချုပ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊မကွေးတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြိးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မင်းဘူးခရိုင်၌ ဆေးကုသရာတွင်ပါဝင်ခဲ့သော ဒေါက်တာ သန်းဦး(သင်ကြားရေးဆေးရုံကြီး-ငြိမ်း)နှင့် မကွေး၊မင်းဘူး သင်ကြားရေးဆေးရုံကြီးတို့မှ ဆရာဝန်၊ ဆရာမများ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ မင်းဘူး(စကု)မြို့နယ်အတွင်း နယ်လှည့် ဆေးကုသခြင်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ဆရာဝန်ကြီးနှင့်အဖွဲ့အား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး၊ဆေးကုသရေးအဖွဲ့ခေါင်းဆောင်ဒေါက်တာသန်းဦး
(သင်ကြားရေးဆေးရုံကြီး-ငြိမ်း) မှဆေးကု သရာတွင် တွေ့ကြုံခဲ့ရသောအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖတစ်ဦး မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်ဒေါက်တာသန်းဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများပေးအပ်ကာ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်စရင်းစစ်ချုပ်တို့မှမကွေး မင်းဘူး သင်ကြားရေးဆေးရုံကြီးတို့မှဆရာဝန် ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများပေးအပ်၍တက်ရောက်လာသူများအား တိုင်းဒေသကြီးအစိုး ရအဖွဲ့မှ ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု၊မကွေးတိုင်းဒေသကြိးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏စီစဉ် မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များ၏ မင်းဘူး(စကု)မြို့နယ်အတွင်း နယ်လှည့် ဆေးကုသခြင်းအား ဇန်န၀ါရီ ၃၀ ရက်နေ့မှဖေဖော်ဝါရီ ၈ ရက်နေ့အထိ(၁၀)ရက်ဆောင်ရွက်ခဲ့ရာ ကျေးရွာ အုပ်စု(၃၃)အုပ်စု၊ရွာပေါင်း(၉၁)ရွာမှ အထွေထွေရောဂါ၊ကလေးရောဂါ၊အရိုးအကြော၊တိုင်းရင်းဆေး၊ခွဲစိတ် ကုသမှုအပါအ၀င် လူနာစုစုပေါင်း(၉၅၅၉)ဦးအား ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။


0 comments:
Post a Comment